Saturday, June 5, 2010






ဝန်ခံချက်ဖြေစာ

အချိန်တွေ သောက်သုံးကုန်ဆုံးသွားတာနဲ့အမျှ
နေ့နဲ့ညလည်း မကွဲခဲ့တာကြာလှပေါ့ ..
ကောင်လေးရေ
နင့်အတ္တတွေပြည့်ဝဖို့
ဘယ်လို အဟာရမျိုးလိုသေးလဲဟင် ..။

ဟိုတနေ့က မတော်တဆ
အွန်လိုင်းမှာ ပြန်တွေ့ကြတာဟာ
နှုတ်ဆက်ရုံ သက်သက်ပါကွာ ..
အမှားအမှန်ဆိုတာကလဲ
အလျားအနံမရှိတဲ့
စက္ကူဖြူဖြူတစ်ရွက်ပါပဲ
ဘာသာစကားတွေမဲ့ခဲ့သလို
နားလည်ရလည်း ခက်ခဲ့တယ် ..။

တူတူရှိခဲ့ဖူးတဲ့ အွန်လိုင်းညတွေကို
သချာင်္လိုချတွက်
အပေါင်းအနှုတ်တွေရဲ့ အခြားတဘက်မှာ
ဝေးကွာခြင်းနှစ်ခုက ညီမျှခြင်းကျ
အကြောင်းမဲ့တိုက်ဆိုင်မှုက
အဖြေတွေထွက်စေခဲ့တယ် ..။

ဒီလိုနဲ့ပဲ …
အတိတ်တွေကို ပြည်ဖုံးကားချ
မေ့လိုက်တော့မယ် ကြံခါမှ
လွမ်းလိုက်တာတဲ့ ..
တကယ့် .. တကယ်တော့
ကောင်လေးက မပြတ်သားခဲ့သလို
ကောင်မလေးကလဲ နေသားမကျသွားခဲ့ဘူး ..။


(ဖြေစာဆိုတော့ ပြန်တေးပဲပေါ့နော် .. မူရင်းကဗျာက http://myominlatt.ning.com/profiles/blogs/4347155:BlogPost:98892?xg... မှာရှိယယ်ဗျို့ ..း))

2 comments:

  1. ကောင်မလေးသိစေဖို့ ၀န်ခံချက်
    ♥ Dလိုနဲ့ ရက်တွေလွန်ခဲ့တော့ ....
    ငါ့ အတွက်လို့ ကျန်ခဲ့သမျှက ...
    ငါ့အတ္တ ညလယ်စာပဲ နေမှာ ...
    ကောင်မလေးရေ ... ငါက အဲ့လိုပဲ
    နေ့နဲ့ ညနဲ့ ခဏခဏ လွဲတတ်တယ်လေ ...

    ♥ HO တနေ့ က .
    ငါတို့ ခဏတာ အွန်လိုင်းမှာ ပြန်ဆုံရတာ ..
    ကောင်မလေးရာ .. တကယ်ပါ
    ငါမှားယွင်းနေတာတောင် မှ
    ကိုယ့်အမှား ကိုယ်ပြန်ဖတ်ခွင့်မရှိတဲ့
    တကယ်တော့ ငါကပါးလှပ်သလိုနဲ့
    အသုံးမ၀င်လှတဲ့ စာရွက်ဖြူတစ်ရွက်ပါ ..

    ♥ Aရင်လိုအချိန်တွေကို ငါလေ...
    ညီမျှခြင်းချကြည့်လိုက်တော့ ..
    ငါ့မှာ အဲဒီလောက် အချိန်မရခဲ့မှန်း သိခဲ့ရတယ် ..
    ဒါပေမယ့် ကောင်မလေးရယ်..
    တိုက်ဆိုင်ခြင်းဆိုတာကိုတော့ .. လုပ်ယူလို့ မရလောက်မှန်း
    မင်း နားလည်မှာပါ နော် ...
    ညတွေကိုပဲ သတိရမိတယ် ..

    ♥ KGမလေး မမေ့နဲ့နော် ...
    အတိတ်မဟုတ်တဲ့ တို့ရဲ့ အတိတ်လေးက
    ညရောက်တိုင်း အွန်လိုင်းမှာသတိရစရာလေ ...
    အင်း.. ဟုတ်တယ်နော် ... လွမ်းလိုက်တာလို့ ပြောဖို့ပဲ ရှိတယ်
    ဘယ်သူမှလဲ မသိကြအောင် ..
    ကောင်းမလေးကလဲ .. အဖြေမပေးခဲ့သလို
    ကောင်လေးကလဲ ....
    အရမ်းချစ်ပါတယ် လို့ ပြောခဲ့ဖို့ မေ့သွားခဲ့တယ် လေ ... ။
    နတ်ဆိုးလေး
    …………………………..

    ReplyDelete
  2. ငါ့ငယ်ချင်းလေး အဆင်ပြေပါစေ... :)

    ReplyDelete

ခံစားသူများရဲ့ စကားလေးတစ်ခွန်းဟာ .. ကဗျာသစ်ကို မွေးဖွားစေတဲ့ အားဆေးတစ်ခွက်ပါ ..း)