အလွမ်းတွေသင်းတဲ့ည
ကြယ်ကြွေလေးတွေ ငိုတဲ့ညကပေါ့
အိပ်မက်ချိုတွေက မျက်ရည်အဖြစ်လှည့်ဖျား
ကိုယ့်ကိုယ်ကို တိမ်တွေကြား ၀ှက်ထားလိုက်မိတယ် ..။
အကုန်သာရွာချလိုက်ပါတော့
ရင်ထဲက မိုးရာသီရယ် …
ငါ့ကောင်းကင်မှာ
ညို့မှိုင်း မိုးတွေအုံ့ဆိုင်းနေတာ
တော်တော်တောင်ကြာလှမှပဲ ..။
မိုးရေစက်များရေ
ပြိုပျက်သွားတဲ့ အိပ်မက်အတွက်
စိတ္တဇ၀ဲဂယက်ကို ဖယ်ရှား
ငါ့ရဲ့ချစ်ခြင်းများကို ငြိမ်းသတ်ပေးကြပါ ..။
သွားချင်တဲ့လမ်းမှ ဟုတ်ရဲ့လား
အို .. မစဉ်းစားအားတော့ပါဘူးလေ
အနီးနားက တံခါးပေါက်ကိုပဲ
ရည်ရွယ်ချက်မဲ့ လှည့်ဖွင့်ခဲ့တယ် ..။
ဒီလိုနဲ့ပဲ …..
ငါ့ကိုငါ ပြန်လည်လောင်ကျွမ်းလိုက်ပါ့မယ်
ချစ်သော နှင်းဆီနက်ကလေးရယ်
အမြတ်တနိုးထားရတဲ့ ပန်းတစ်ပွင့်အတွက်
ဒီလောက်တော့ ရင်နင့်ပေးရမှာပေါ့ ..။
ကဲ …………….
မေ့မေ့လျော့လျော့ပဲနေပေးကြပါ
ကောင်းကင်မှာ မိုးအုံ့တုန်းပေမယ့်
အိပ်မက်ဆိုးက လန့်နိုးလာတဲ့အခါ
မျက်ရည်တွေကို နေ့ရက်တွေက သောက်သုံး
အဆုံးသတ်ချိန်မှာ အငိုတိတ်သွားမှာပါ ..။
၂၅.April. ၂၀၁၀
No comments:
Post a Comment
ခံစားသူများရဲ့ စကားလေးတစ်ခွန်းဟာ .. ကဗျာသစ်ကို မွေးဖွားစေတဲ့ အားဆေးတစ်ခွက်ပါ ..း)