စွတ်စိုဝဿန် ၊ မှန်သောသစ္စာ
ငါကတိပြု ၊ အသည်းကုစား
အယုယဝေ ၊ စံပယ်ကြွေသက်
ချစ်သူလက်တွဲ၊ မခွဲမခွါ။
ကြယ်ကြွေဆောင်းဦး ၊ နှင်းမြူမြူးကြွ
လင်္ကာလှလျှင် ၊ ၀တ်မှုန်ရှင်သာ
သခင်နှင့်တူ ၊ ငါကြည်ဖြူသည်
ချစ်သူရနံ့  ၊ သင်းပျံ့ လျက်သာ။
ရွက်ကြွေပြိုင်းပြိုင်း ၊ နွေရိုင်းရိုင်းမှာ
ခွဲခွါသခင် ၊ ကောင်းကင်မှုန်ဝင်း
လရောင်ပြင်းပြင်း ၊ ခံတွင်းမတွေ့ 
ခြောက်သွေ့ အတိ ၊ ငါလွမ်းမိသည်။
အရှေ့တောင်ကုန်း ၊ တိမ်ညိုဝုန်းဝုန်း
မည်းမှောင်တုန်းတောင် ၊ မမုန်းရက်မိ
သခင်သိစေ...........။
မှော်ဆရာ
ငါကတိပြု ၊ အသည်းကုစား
အယုယဝေ ၊ စံပယ်ကြွေသက်
ချစ်သူလက်တွဲ၊ မခွဲမခွါ။
ကြယ်ကြွေဆောင်းဦး ၊ နှင်းမြူမြူးကြွ
လင်္ကာလှလျှင် ၊ ၀တ်မှုန်ရှင်သာ
သခင်နှင့်တူ ၊ ငါကြည်ဖြူသည်
ချစ်သူရနံ့  ၊ သင်းပျံ့ လျက်သာ။
ရွက်ကြွေပြိုင်းပြိုင်း ၊ နွေရိုင်းရိုင်းမှာ
ခွဲခွါသခင် ၊ ကောင်းကင်မှုန်ဝင်း
လရောင်ပြင်းပြင်း ၊ ခံတွင်းမတွေ့ 
ခြောက်သွေ့ အတိ ၊ ငါလွမ်းမိသည်။
အရှေ့တောင်ကုန်း ၊ တိမ်ညိုဝုန်းဝုန်း
မည်းမှောင်တုန်းတောင် ၊ မမုန်းရက်မိ
သခင်သိစေ...........။
မှော်ဆရာ
အလွမ်းလင်္ကာ ပုံရိပ်သစ်
အလွမ်းအင်္လကာ ပုံရိပ်သစ်
တစ်ချိန်ကမိုး
ရိုးသားသစ္စာ တူယှဉ်ဆိုမြဲ
မခွဲမခွာ ယုံမှားခဲ့တာ
တစ်သက်စာ ..။
နှင်းမြူထူစဲ
ဆောင်းညထဲမှာ
ဖန်ဆင်းလိုက်သော ကြယ်ကြွေတော၌
ချစ်သူ့နံ့သာ သင်းပျံ့ရာ ..။
တစ်ခါသော နွေမှာ
ကံကြမ္မာကလှည့်စား
ဆိုးဝါးလှတဲ့ နွေရက်ရှည်သော
ရွက်ကြွေတော၌
နေရောင်ဝါ၀င်း နေပြင်းပြင်းတွင်
ခွဲခွါစကား ပြတ်သားပြောခဲ့
အကြင်နာမဲ့သူ ချစ်သူ့ကိုလေ
တမ်းတမ်းတတ
ငါလွမ်းရ၏။
ရက်လရှည်ကြာ
ငါလွမ်းနေတုန်း
အရှေ့တောင်ကုန်းမှာ
တိမ်တွေညို၊ နှင်းတွေကျ၊ နွေနေပူပြင်း
ရင်းတွင်းထဲမူ
ရာသီသာပြောင်း
မဟောင်းသေးတဲ့ မျှော်လင့်ချက်နဲ့
တမ်းတမိစဲ လွမ်းနေစဲလေ
ချစ်သောအကြင် .. သခင်သိစေ ..
အလွမ်းတို့၏ အလကာင်္တည်း။
....................
(ဒီကဗျာလဲ ခံစားချက်ခိုးကူးကဗျာပဲ ... မှော်ဆရာဆီက ခံစားချက်လေ .. ကြယ်ကြွေလကာင်္တဲ့ မူရင်းက .. သူက ပြန်တေးရေးပေးတဲ့ .. ဒီကဗျာက ပြန်တေးရေးရခက်လို့ .. ပုံရိပ်သစ်ပြန်ရေးပေးလိုက်တာ .. ဟူးးး နာယဲ ကြွေးရှင်များလာပြီ ..)
No comments:
Post a Comment
ခံစားသူများရဲ့ စကားလေးတစ်ခွန်းဟာ .. ကဗျာသစ်ကို မွေးဖွားစေတဲ့ အားဆေးတစ်ခွက်ပါ ..း)