Saturday, May 1, 2010

နတ် .. နတ် .. နတ် ..



နတ် .. နတ် .. နတ် ..


ဘယ်ပုခုံးစောင့်နတ်ကပြောတယ်

မင်းကောင်မလေးက ချောတယ်တဲ့

ညာပုခုံးစောင့်နတ်ကပြောပြန်တယ်

မင်းကောင်မလေးကို ချစ်မိနေပြီတဲ့

ဘယ်ပုခုံးစောင့်နတ်ကပြောတယ်

ချောလို့ချစ်တာတဲ့

ညာပုခုံးစောင့်နတ်က ပြန်ပြောတယ်

ချစ်လို့ချောတာတဲ့ ..

ဒီလိုနဲ့ ..

ငြင်းရင်းခုန်ရင်း

အချစ်ရန်ပွဲကြီးတစ်ခုဖြစ်ရော ..

ကောင်မလေးကပြောတယ်

စကားအမျိုးမျိုးပြောတတ်တဲ့ ကျွန်တော့ကို

မုန်းတယ်တဲ့ ..

ဘာမှမလုပ်လိုက်ရဘဲ ကျွန်တော်တစ်ယောက်ထဲ

အသဲတွေ ဟက်တက်ကွဲရတယ် ..။

2 comments:

  1. နတ်နတ်ရေ... ဒီကဗျာလေးက နာမည်လေးကိုစိတ်ဝင်စားလို့ဖတ်ကြည့်တာ
    ကဗျာလေးကိုပါစိတ်ဝင်စားမိသွားပြီ ကြိုက်တယ်ဗျို့ ကဗျာလေးကိုနော်
    (ကွိတိ နတ်နတ်ကိုတော့ ချစ်တာ :P )

    ReplyDelete
  2. ခစ်ခစ် .. ကယ်ကြီးချစ်တာယား .. ပျော်လိုက်တာ .. ခွိခွိ ..။

    ReplyDelete

ခံစားသူများရဲ့ စကားလေးတစ်ခွန်းဟာ .. ကဗျာသစ်ကို မွေးဖွားစေတဲ့ အားဆေးတစ်ခွက်ပါ ..း)