Saturday, May 1, 2010

ကြွေလွှင့်ခဲ့သော တစ်ခါတုန်းကညတွေ

ကြွေလွှင့်ခဲ့သော တစ်ခါတုန်းကညတွေ

တေးသံလေးတွေ ကခုန်တဲ့ည
Online ကမ္ဘာက
အသံမဲ့စကား နားထဲတိုးဝင်
ရင်ခွင်တလျှောက် ထိုးဖောက်လျက်ပေါ့ ..။
ကောင်လေးက ပုံပြောတာ ၀ါသ၁နာပါတယ် ..
ကောင်မလေးက နတ်သမီးလုပ်ရတာဝါသနာပါတယ် ..
ဒီလိုနဲ့ ...
ကောင်လေးက ဇာတ်ညွှန်းရေးဆရာ ..
ကောင်မလေးက ကဗျာနဲ့ဇာတ်ကိုက ..
လှပတဲ့ညတွေ ဖန်တီးခဲ့ကြတယ် ..။
နတ်ဆိုးလေးတွေ ရယ်တဲ့ညတစ်ညမှာတော့ ...
ဇာတ်ညွှန်းဆရာလေး အားငယ် ..
နတ်မိမယ်လေးလည်း မပြုံးမရယ် ..
ညကြယ်တွေလည်း လက်မှိုင်ချ ..
အဲ့ဒီ့အေးစက်တုန်ရီတဲ့ ဆောင်းညမှာ
ဇာတ်ညွှန်း မဆုံးတဆုံးနဲ့
ဇာတ်လမ်းကလေးသေသွားရရှာတယ် ...
ကောင်လေးရဲ့ အနာဂါတ်ပြက္ခဒိန်တွေမှာ ..
နတ်သမီးရဲ့ နေ့စွဲတွေမပါခဲ့လို့ ..
တူတူစိုက်ပျိုးခဲ့တဲ့
ပင်ပျိုညအလှလေးတွေမှာ
အလွမ်းပန်းလေးတွေ
ပြိုင်တူငိုကြတယ်...တဲ့ ..။
နတ်သမီးလေးကတော့ ပြုံးတယ်
ကျန်ပုံပြင်ကို သူဆက်ပြောမယ်တဲ့
သူ့နှုတ်ခမ်းလေးတွေက တုန်ရီလို့
နှင်းဆီပွင့်ဖြူလေးတွေနဲ့အတူ
အနက်ရောင်စာသားလေး ခုန်ထွက်လာတယ် ..
`ငါ့ရဲ့ သရဲစုတ်လေးရေ ...
ကံတွေကတော့ မကုန်သေးဘူး ..
ဒါပေမယ့်လည်း ပြန်မဆုံတော့ဘူးနော် ..´တဲ့။

1 comment:

  1. လာအားပေးသွားပါတယ် ငယ်ချင်းရေ...

    ReplyDelete

ခံစားသူများရဲ့ စကားလေးတစ်ခွန်းဟာ .. ကဗျာသစ်ကို မွေးဖွားစေတဲ့ အားဆေးတစ်ခွက်ပါ ..း)