Tuesday, August 21, 2012
Thursday, August 9, 2012
ပင့်ကူအိမ်
by Nat Tha Mee Mee on Sunday, 5 August 2012 at 07:32 ·
ပင့်ကူအိမ်
ပျံသန်းလို့ရလောက်အောင်
လွတ်လပ်ပေါ့ပါးတဲ့ တောအုပ်လေးတစ်ခု ..
သူ့မှာလည်း လျှို့ဝှက်ချက်အပြည့်နဲ့..
ခရမ်းပြာရောင် မျှော်လင့်ချက်တွေရွှဲရွှဲစိုလို့ …။
ဝေလီဝေလင်း မနက်ခင်းတစ်ခုလို
အိပ်မက်တွေဝိုးတ၀ါး
မျှော်လင့်ချက်တွေကတော့ ပြတ်သားနေခဲ့ ..။
မာယာကင်းတဲ့ သန့်ရှင်းမှုအပြည့်နဲ့ပါ …
လက်ဗလာမှာတော့ ဂါထာအပြည့်
ဘယ်သူမှစေ့စေ့မမြင်ဖူးတဲ့ နတ်သမီးကို
ငါ ကိုယ်တိုင်ဖမ်းပြမယ် ..။
ဟော .. ဟိုမှာ အရိပ်လေးတစ်ခု
အတုမဟုတ်ပါဘူး ..
သူကလည်း လူသားစင်စစ် ..
ငါ့ကို .. မိတ်ဖြစ်ဆွေဖြစ် အပြုံးပေးတယ် ..။
ခင်မင်မှုကနေဖွဲ့တည် ..
တဖြည်းဖြည်းငွေ့ရည်ဖွဲ့လာခဲ့တဲ့ အိပ်မက်
ဘယ်အချိန်မှာ .. ပြတ်သားခွင့်ရမှာလဲ ..။
သနပ်ခါးပါးကွက်ကျားလေးနဲ့ ငါ့ရဲ့မိတ်ဆွေကြီး
နင်ဟာ .. ငါဖမ်းရမယ့် နတ်သမီးတဲ့လား ..။
အခုတော့ .. ကိုယ်တိုင်ယက်လုပ်ခဲ့တဲ့အိမ်မှာ
ကိုယ့်ဘာသာကို ပိတ်မိ
ထွက်ပေါက်ဘယ်မှာရှိလိမ့်မလဲ ..။
ကွယ် .. တောင်းပန်ချင်ပါရဲ့
ငါဆိုတဲ့ကောင်က .. နတ်သမီးထောင်ချောက်တွေနဲ့
နတ်သမီးမျှားချင်ခဲ့တဲ့ကောင် ..
ခုတော့ .. သူယောင်မယ် .. သူငယ်ချင်းလေးက ..
မမြင်ရတဲ့ကြိုးတွေနဲ့ .. ငါ့ကို အရင်မိခဲ့ပြီ …။
ငါ .. ဘယ်တော့မှ ..
နတ်သမီး ထပ်မဖမ်းချင်တော့ဘူး …။
Fairy’s mirror
Aug 5th, 2012
5:28AM
ပျံသန်းလို့ရလောက်အောင်
လွတ်လပ်ပေါ့ပါးတဲ့ တောအုပ်လေးတစ်ခု ..
သူ့မှာလည်း လျှို့ဝှက်ချက်အပြည့်နဲ့..
ခရမ်းပြာရောင် မျှော်လင့်ချက်တွေရွှဲရွှဲစိုလို့ …။
ဝေလီဝေလင်း မနက်ခင်းတစ်ခုလို
အိပ်မက်တွေဝိုးတ၀ါး
မျှော်လင့်ချက်တွေကတော့ ပြတ်သားနေခဲ့ ..။
မာယာကင်းတဲ့ သန့်ရှင်းမှုအပြည့်နဲ့ပါ …
လက်ဗလာမှာတော့ ဂါထာအပြည့်
ဘယ်သူမှစေ့စေ့မမြင်ဖူးတဲ့ နတ်သမီးကို
ငါ ကိုယ်တိုင်ဖမ်းပြမယ် ..။
ဟော .. ဟိုမှာ အရိပ်လေးတစ်ခု
အတုမဟုတ်ပါဘူး ..
သူကလည်း လူသားစင်စစ် ..
ငါ့ကို .. မိတ်ဖြစ်ဆွေဖြစ် အပြုံးပေးတယ် ..။
ခင်မင်မှုကနေဖွဲ့တည် ..
တဖြည်းဖြည်းငွေ့ရည်ဖွဲ့လာခဲ့တဲ့ အိပ်မက်
ဘယ်အချိန်မှာ .. ပြတ်သားခွင့်ရမှာလဲ ..။
သနပ်ခါးပါးကွက်ကျားလေးနဲ့ ငါ့ရဲ့မိတ်ဆွေကြီး
နင်ဟာ .. ငါဖမ်းရမယ့် နတ်သမီးတဲ့လား ..။
အခုတော့ .. ကိုယ်တိုင်ယက်လုပ်ခဲ့တဲ့အိမ်မှာ
ကိုယ့်ဘာသာကို ပိတ်မိ
ထွက်ပေါက်ဘယ်မှာရှိလိမ့်မလဲ ..။
ကွယ် .. တောင်းပန်ချင်ပါရဲ့
ငါဆိုတဲ့ကောင်က .. နတ်သမီးထောင်ချောက်တွေနဲ့
နတ်သမီးမျှားချင်ခဲ့တဲ့ကောင် ..
ခုတော့ .. သူယောင်မယ် .. သူငယ်ချင်းလေးက ..
မမြင်ရတဲ့ကြိုးတွေနဲ့ .. ငါ့ကို အရင်မိခဲ့ပြီ …။
ငါ .. ဘယ်တော့မှ ..
နတ်သမီး ထပ်မဖမ်းချင်တော့ဘူး …။
Fairy’s mirror
Aug 5th, 2012
5:28AM
Tuesday, August 7, 2012
* နွံ *
* နွံ *
နင် .. စေရာအရပ်မှာ .. ငါနေခဲ့တာပါပဲ ..
ဒါပေမယ့်လည်း .. အိပ်မက်ဆိုတဲ့ကောင်က
သူရှင်သန်ဖို့ပဲ လာလာတောင်းဆိုနေတယ် ...။
ကောင်းကင်မှာ ... ကြယ်တွေပြည့်နက် ..
ဟောဒီကောင့် ရင်မှာလည်း ..
မင်းအတွက် စေတနာတွေ ပြည့်ကျပ်နေတယ် ..။
မမြင်မသိချင်လို့ .. မျက်လွှာအပင့်မှာတောင် ..
အကြည့်တစ်ပွင့် စိုဆွတ်ခွင့် ထပ်မပေးတော့တဲ့
တစ်ချိန်က ငါ့ချစ်သူ ..
မ၀ံ့မရဲ ငံ့လင့်မိနေတုန်း ..
ဗြုန်းဆို ..
ပိုင်ဆိုင်ဖူးခဲ့တဲ့ အပြုံးချိုချိုတွေကို
မီးခိုးငွေ့လို လွှင့်ပြယ်စေခဲ့သူ ...
နူးညံ့တဲ့ လက်ချောင်းကြားမှာ ...
ငါ့ကို .. ချောင်းကြည့်ခဲ့ဖူးတဲ့ ..
လျှို့ဝှက်မျက်ဝန်းနက်နက်လေးတစ်စုံ
ငါ့ရင်ခုန်မှုတွေကို ဖန်တီး ...
ဒီတခါတော့ လူသတ်လက်နက်ကြီးဖြစ်သွားစေတဲ့သူ ..
နင့်လိုသူကိုမှ .. ငါဆိုတာကလည်း ..
မဖြစ်ညစ်ကျယ် ယုံကြည်မှုတွေ အကျယ်ချဲ့
သံယောဇဉ်စဉ်တွေ နှောင်ဖွဲ့မိတော့ ..
ငါ့အိပ်မက်တွေ .. ညနက်ချောက်ထဲပဲ
တ၀ဲဝဲလည် ဖြစ်ခဲ့ရတယ် ...။
အချိန်တွေကြာညောင်းသွားလို့ နင့်အချစ်တွေ ပြောင်းသွားတာ ..
ငါ .. အပြစ်မတင်ပါဘူး ..
အသစ်တွေ့ရင် အဟောင်းမေ့တတ်တာ ..
စကားပုံတောင်ရှိတာပဲ ..။
ငါကသာ .. နင်ဘာဖြစ်ဖြစ် ..
အမှတ်မရှိ ချစ်နေမိလို့..
နင့်ကို ပစ်ခဲ့ဖို့ ..
စိတ်ကူးနဲ့တောင် မရဲရင့်ခဲ့ဘူး ..။
ငါ့အတွက်တော့ …
နှစ်တွေအိုဟောင်းလို့ .. အချစ်တွေမကောင်းတော့ဘူးဆိုတာ
ဟုတ်မှမဟုတ်ဘဲလေ ..။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ..
အိပ်မက်တွေ တပွေ့တပိုက်နဲ့ ..
ငါကတော့ .. ဆက်မိုက်လို့ကောင်းတုန်း ..။
fAiRy's MiRrOr
July 26th, 2012
11:15 PM
Friday, July 13, 2012
အတိတ်နဲ့ လမ်းခွဲခြင်း
အတိတ်နဲ့ လမ်းခွဲခြင်း
နင်ဟာငါ့အတိတ်ပါ
ရိုးရိုးရှင်းရှင်းလေးနဲ့ ရှုပ်သွားတဲ့ ဇာတ်လမ်းလမ်းလေးတစ်ပုဒ်ရဲ့
ဇာတ်လိုက်အပေါင်းအဖော်လေးပါ ..။
နင်ဟာ .. ရိုးသားမှုအပြည့်နဲ့ပါ ..
မျက်ဝန်းဘာသာစကားတွေကို
တိတ်တိတ်ကလေးဘာသာပြန်
အမှန်တော့ကို မသိခဲ့သူပါ …။
နင်ဟာ .. နူးညံ့စွာ စွပ်စွဲတတ်သူပါ ..
လေသံဖွဖွလေးကို … ယစ်မှုးတတ်အောင် သင်ပြခဲ့သူပါ ..
ပြီးတော့ .. နောက်တစ်ခါ ပြန်ဝေး .. သွေးအေးတတ်သူပါ ..။
ဒီတော့ .. ငါ့မှာ .. စိုးထိတ် ..
အိပ်မက်ကနေ .. တိတ်တိတ်လေး ခိုးထခဲ့သူ …
အပြစ်လို့ မှတ်မယူထိုက်လောက်ပါဘူးနော် ….။
ငါဟာ .. ယစ်မှုးတတ်ပေမယ့် ..
အိပ်မက်နဲ့ လက်တွေ့ကို ခွဲခြားတတ်သူဖြစ်ခဲ့တော့လည်း ..
နာကျင်စွာရဲ့ရင့် … စောလင့်စွာ ခြွေပစ်ခဲ့ရတယ် ..
နင်ဟာ .. ရည်းစားဦးပေမယ့် .. ငါတကယ်မချစ်တတ်ပါဘူး .. လို့ ..။
နင်ဟာငါ့အတိတ်ပါ
ရိုးရိုးရှင်းရှင်းလေးနဲ့ ရှုပ်သွားတဲ့ ဇာတ်လမ်းလမ်းလေးတစ်ပုဒ်ရဲ့
ဇာတ်လိုက်အပေါင်းအဖော်လေးပါ ..။
နင်ဟာ .. ရိုးသားမှုအပြည့်နဲ့ပါ ..
မျက်ဝန်းဘာသာစကားတွေကို
တိတ်တိတ်ကလေးဘာသာပြန်
အမှန်တော့ကို မသိခဲ့သူပါ …။
နင်ဟာ .. နူးညံ့စွာ စွပ်စွဲတတ်သူပါ ..
လေသံဖွဖွလေးကို … ယစ်မှုးတတ်အောင် သင်ပြခဲ့သူပါ ..
ပြီးတော့ .. နောက်တစ်ခါ ပြန်ဝေး .. သွေးအေးတတ်သူပါ ..။
ဒီတော့ .. ငါ့မှာ .. စိုးထိတ် ..
အိပ်မက်ကနေ .. တိတ်တိတ်လေး ခိုးထခဲ့သူ …
အပြစ်လို့ မှတ်မယူထိုက်လောက်ပါဘူးနော် ….။
ငါဟာ .. ယစ်မှုးတတ်ပေမယ့် ..
အိပ်မက်နဲ့ လက်တွေ့ကို ခွဲခြားတတ်သူဖြစ်ခဲ့တော့လည်း ..
နာကျင်စွာရဲ့ရင့် … စောလင့်စွာ ခြွေပစ်ခဲ့ရတယ် ..
နင်ဟာ .. ရည်းစားဦးပေမယ့် .. ငါတကယ်မချစ်တတ်ပါဘူး .. လို့ ..။
Sunday, July 8, 2012
သူဖန်တီးတဲ့ .. ပုံပြင်ညများ ..
ကဗျာတွေ .. ဂရုစိုက်မှုတွေထဲကလွဲရင် ..
ဘာကိုမှ လှစ်ဟမပြခဲ့လို့ ..
ငါတို့ရဲ့ညဆိုတာ .. ပုံပြင်သက်သက် ဖြစ်ခဲ့ရတယ် ..။
သရဲဆိုတာ .. ရှိသလို မရှိလိုနဲ့ ..
မြင်သူရှားတဲ့ ... ပုံရိပ်ယောင်များပါပဲ ..
အဲ့ဒါကိုတောင်.. ငါတို့ရှာဖွေတွေ့ရှိခဲ့ကြတယ် ..။
နတ်သမီးအိပ်မက်နောက်ကို လိုက်ဖို့ ..
ကောင်းကင်ဘုံလက်မှတ်နဲ့တောင် ...
မိုက်မိုက်ကန်းကန်းလဲတဲ့သူ ..
နင့်ကို .. ဘယ်လိုမူတွေက စိုးမိုးထားပါလိမ့်....။
တကယ်တန်းကျတော့လည်း ..
တို့တတွေက မျက်နှာချင်းဆိုင်မဟုတ်တောင် ..
တယောက်အတွေးကို တယောက်ပိုင်ဆိုင်ထားသူတွေဖြစ်ကြတယ် ..။
အဲ့ဒါကြောင့်လည်း .. နင်ဖန်ဆင်းတဲ့ .. ညတွေက ..
ပုံပြင်တွေနဲ့ လှနေမြဲ .. ကနေမြဲပေါ့ .. ။
Subscribe to:
Posts (Atom)