ပင့်ကူအိမ်
by Nat Tha Mee Mee on Sunday, 5 August 2012 at 07:32 ·
ပင့်ကူအိမ်
ပျံသန်းလို့ရလောက်အောင်
လွတ်လပ်ပေါ့ပါးတဲ့ တောအုပ်လေးတစ်ခု ..
သူ့မှာလည်း လျှို့ဝှက်ချက်အပြည့်နဲ့..
ခရမ်းပြာရောင် မျှော်လင့်ချက်တွေရွှဲရွှဲစိုလို့ …။
ဝေလီဝေလင်း မနက်ခင်းတစ်ခုလို
အိပ်မက်တွေဝိုးတ၀ါး
မျှော်လင့်ချက်တွေကတော့ ပြတ်သားနေခဲ့ ..။
မာယာကင်းတဲ့ သန့်ရှင်းမှုအပြည့်နဲ့ပါ …
လက်ဗလာမှာတော့ ဂါထာအပြည့်
ဘယ်သူမှစေ့စေ့မမြင်ဖူးတဲ့ နတ်သမီးကို
ငါ ကိုယ်တိုင်ဖမ်းပြမယ် ..။
ဟော .. ဟိုမှာ အရိပ်လေးတစ်ခု
အတုမဟုတ်ပါဘူး ..
သူကလည်း လူသားစင်စစ် ..
ငါ့ကို .. မိတ်ဖြစ်ဆွေဖြစ် အပြုံးပေးတယ် ..။
ခင်မင်မှုကနေဖွဲ့တည် ..
တဖြည်းဖြည်းငွေ့ရည်ဖွဲ့လာခဲ့တဲ့ အိပ်မက်
ဘယ်အချိန်မှာ .. ပြတ်သားခွင့်ရမှာလဲ ..။
သနပ်ခါးပါးကွက်ကျားလေးနဲ့ ငါ့ရဲ့မိတ်ဆွေကြီး
နင်ဟာ .. ငါဖမ်းရမယ့် နတ်သမီးတဲ့လား ..။
အခုတော့ .. ကိုယ်တိုင်ယက်လုပ်ခဲ့တဲ့အိမ်မှာ
ကိုယ့်ဘာသာကို ပိတ်မိ
ထွက်ပေါက်ဘယ်မှာရှိလိမ့်မလဲ ..။
ကွယ် .. တောင်းပန်ချင်ပါရဲ့
ငါဆိုတဲ့ကောင်က .. နတ်သမီးထောင်ချောက်တွေနဲ့
နတ်သမီးမျှားချင်ခဲ့တဲ့ကောင် ..
ခုတော့ .. သူယောင်မယ် .. သူငယ်ချင်းလေးက ..
မမြင်ရတဲ့ကြိုးတွေနဲ့ .. ငါ့ကို အရင်မိခဲ့ပြီ …။
ငါ .. ဘယ်တော့မှ ..
နတ်သမီး ထပ်မဖမ်းချင်တော့ဘူး …။
Fairy’s mirror
Aug 5th, 2012
5:28AM
ပျံသန်းလို့ရလောက်အောင်
လွတ်လပ်ပေါ့ပါးတဲ့ တောအုပ်လေးတစ်ခု ..
သူ့မှာလည်း လျှို့ဝှက်ချက်အပြည့်နဲ့..
ခရမ်းပြာရောင် မျှော်လင့်ချက်တွေရွှဲရွှဲစိုလို့ …။
ဝေလီဝေလင်း မနက်ခင်းတစ်ခုလို
အိပ်မက်တွေဝိုးတ၀ါး
မျှော်လင့်ချက်တွေကတော့ ပြတ်သားနေခဲ့ ..။
မာယာကင်းတဲ့ သန့်ရှင်းမှုအပြည့်နဲ့ပါ …
လက်ဗလာမှာတော့ ဂါထာအပြည့်
ဘယ်သူမှစေ့စေ့မမြင်ဖူးတဲ့ နတ်သမီးကို
ငါ ကိုယ်တိုင်ဖမ်းပြမယ် ..။
ဟော .. ဟိုမှာ အရိပ်လေးတစ်ခု
အတုမဟုတ်ပါဘူး ..
သူကလည်း လူသားစင်စစ် ..
ငါ့ကို .. မိတ်ဖြစ်ဆွေဖြစ် အပြုံးပေးတယ် ..။
ခင်မင်မှုကနေဖွဲ့တည် ..
တဖြည်းဖြည်းငွေ့ရည်ဖွဲ့လာခဲ့တဲ့ အိပ်မက်
ဘယ်အချိန်မှာ .. ပြတ်သားခွင့်ရမှာလဲ ..။
သနပ်ခါးပါးကွက်ကျားလေးနဲ့ ငါ့ရဲ့မိတ်ဆွေကြီး
နင်ဟာ .. ငါဖမ်းရမယ့် နတ်သမီးတဲ့လား ..။
အခုတော့ .. ကိုယ်တိုင်ယက်လုပ်ခဲ့တဲ့အိမ်မှာ
ကိုယ့်ဘာသာကို ပိတ်မိ
ထွက်ပေါက်ဘယ်မှာရှိလိမ့်မလဲ ..။
ကွယ် .. တောင်းပန်ချင်ပါရဲ့
ငါဆိုတဲ့ကောင်က .. နတ်သမီးထောင်ချောက်တွေနဲ့
နတ်သမီးမျှားချင်ခဲ့တဲ့ကောင် ..
ခုတော့ .. သူယောင်မယ် .. သူငယ်ချင်းလေးက ..
မမြင်ရတဲ့ကြိုးတွေနဲ့ .. ငါ့ကို အရင်မိခဲ့ပြီ …။
ငါ .. ဘယ်တော့မှ ..
နတ်သမီး ထပ်မဖမ်းချင်တော့ဘူး …။
Fairy’s mirror
Aug 5th, 2012
5:28AM
No comments:
Post a Comment
ခံစားသူများရဲ့ စကားလေးတစ်ခွန်းဟာ .. ကဗျာသစ်ကို မွေးဖွားစေတဲ့ အားဆေးတစ်ခွက်ပါ ..း)