Sunday, July 8, 2012

သူဖန်တီးတဲ့ .. ပုံပြင်ညများ ..



ကဗျာတွေ .. ဂရုစိုက်မှုတွေထဲကလွဲရင် ..
ဘာကိုမှ လှစ်ဟမပြခဲ့လို့ ..
ငါတို့ရဲ့ညဆိုတာ .. ပုံပြင်သက်သက် ဖြစ်ခဲ့ရတယ် ..။

သရဲဆိုတာ .. ရှိသလို မရှိလိုနဲ့ ..
မြင်သူရှားတဲ့ ... ပုံရိပ်ယောင်များပါပဲ ..
အဲ့ဒါကိုတောင်.. ငါတို့ရှာဖွေတွေ့ရှိခဲ့ကြတယ် ..။

နတ်သမီးအိပ်မက်နောက်ကို လိုက်ဖို့ ..
ကောင်းကင်ဘုံလက်မှတ်နဲ့တောင် ...
မိုက်မိုက်ကန်းကန်းလဲတဲ့သူ ..
နင့်ကို .. ဘယ်လိုမူတွေက စိုးမိုးထားပါလိမ့်....။

တကယ်တန်းကျတော့လည်း ..
တို့တတွေက မျက်နှာချင်းဆိုင်မဟုတ်တောင် ..
တယောက်အတွေးကို တယောက်ပိုင်ဆိုင်ထားသူတွေဖြစ်ကြတယ် ..။

အဲ့ဒါကြောင့်လည်း .. နင်ဖန်ဆင်းတဲ့ .. ညတွေက ..
ပုံပြင်တွေနဲ့ လှနေမြဲ .. ကနေမြဲပေါ့ .. ။

2 comments:

  1. နတ်သမီးအိပ်မက်နောက်ကို လိုက်ဖို့ ..
    ကောင်းကင်ဘုံလက်မှတ်နဲ့တောင် ...
    မိုက်မိုက်ကန်းကန်းလဲတဲ့သူ ..
    နင့်ကို .. ဘယ်လိုမူတွေက စိုးမိုးထားပါလိမ့်....

    တကယ်တန်းကျတော့လည်း ..
    တို့တတွေက မျက်နှာချင်းဆိုင်မဟုတ်တောင် ..
    တယောက်အတွေးကို တယောက်ပိုင်ဆိုင်ထားသူတွေဖြစ်ကြတယ်
    (ကြိုက်လို့ယူသွားပါပီ) ~_^

    ReplyDelete
  2. ပိုက်ချန်ပေး ... ဟိ

    ReplyDelete

ခံစားသူများရဲ့ စကားလေးတစ်ခွန်းဟာ .. ကဗျာသစ်ကို မွေးဖွားစေတဲ့ အားဆေးတစ်ခွက်ပါ ..း)