Friday, July 13, 2012

အတိတ်နဲ့ လမ်းခွဲခြင်း

အတိတ်နဲ့ လမ်းခွဲခြင်း

နင်ဟာငါ့အတိတ်ပါ
ရိုးရိုးရှင်းရှင်းလေးနဲ့ ရှုပ်သွားတဲ့ ဇာတ်လမ်းလမ်းလေးတစ်ပုဒ်ရဲ့
ဇာတ်လိုက်အပေါင်းအဖော်လေးပါ ..။

နင်ဟာ .. ရိုးသားမှုအပြည့်နဲ့ပါ ..
မျက်ဝန်းဘာသာစကားတွေကို
တိတ်တိတ်ကလေးဘာသာပြန်
အမှန်တော့ကို မသိခဲ့သူပါ …။

နင်ဟာ .. နူးညံ့စွာ စွပ်စွဲတတ်သူပါ ..
လေသံဖွဖွလေးကို … ယစ်မှုးတတ်အောင် သင်ပြခဲ့သူပါ ..
ပြီးတော့ ..  နောက်တစ်ခါ ပြန်ဝေး .. သွေးအေးတတ်သူပါ ..။

ဒီတော့ .. ငါ့မှာ .. စိုးထိတ် ..
အိပ်မက်ကနေ .. တိတ်တိတ်လေး ခိုးထခဲ့သူ …
အပြစ်လို့ မှတ်မယူထိုက်လောက်ပါဘူးနော် ….။

ငါဟာ .. ယစ်မှုးတတ်ပေမယ့် ..
အိပ်မက်နဲ့ လက်တွေ့ကို ခွဲခြားတတ်သူဖြစ်ခဲ့တော့လည်း ..
နာကျင်စွာရဲ့ရင့် … စောလင့်စွာ ခြွေပစ်ခဲ့ရတယ် ..
နင်ဟာ .. ရည်းစားဦးပေမယ့် .. ငါတကယ်မချစ်တတ်ပါဘူး .. လို့ ..။

3 comments:

  1. အရမ်းကောင်းတဲ့ကဗျာလေးပါ...နတ်သမီးရေ...

    ReplyDelete
  2. ကဗျာလေးတွေကအရမ်းကောင်းတယ်နော်..နတ်သမီးရမ်းတော်တယ်...

    ReplyDelete

ခံစားသူများရဲ့ စကားလေးတစ်ခွန်းဟာ .. ကဗျာသစ်ကို မွေးဖွားစေတဲ့ အားဆေးတစ်ခွက်ပါ ..း)