Thursday, June 24, 2010


 



နတ်သမီးနဲ့ ကဗျာည (၂)

အေးမြလှပတဲ့ညတစ်ညမှာပေါ့.........
ငါ့ကောင်းကင်မှာ........
ထူးခြားလင်းရှတဲ့ ငွေရောင်ကြယ်လေးတစ်လုံးတိုးလာခဲံ......
ချစ်သူ .. လို့ လှိုက်လှဲတုန်ခါစွာ......
ငါရေရွတ်မိရဲ့ .......။

အဲ့ဒီညကစလို့......
သံစုံဂီတတွေအကြား သွားလာကျက်စားနေကျငါ့အတွက်တော့.....
သူဟာ .. တေးဆိုတိုင်တည်ရာ.....
မဟာအလကာၤျဖစ္လာခဲ့ ...။

ၾကယ္နဲ့ကမာၻၾကားက....
ဘယ်လောက်ဝေးမှန်မသိပေမယ့်.....
ငါနဲ့နင်ကြားမှာတော့....
monitor နှစ်လုံးစာဝေးနေလေရဲ့.... .
"နတ်သမီး" လို့.....
တိမ်းမူးညွှတ်ဖျစွာ....
ငါ.....လွမ်းဆွတ်မိပြန်တယ်....။

တကယ်ပါ နတ်သမီးရဲ့.....
လတွေ ရာထောင်ချီဝင်....
နေတွေ ရာထောင်ချီထွက်...
ငါ့ရဲ့ မနက်တိုင်းမှာ
နင့်ပုံရိပ်အိပ်မက်က ၀ိုးတ၀ါး
ဘယ်တော့မှ ငါ .. မနိုးကြားချင်တော့ပါဘူးလေ ..
ငါ့အိပ်မက်ထဲက နင့်ပုံရိပ်
ပျောက်ပျက်သွားမှာကြောက်တဲ့စိတ်နဲ့
မိုးလင်းမှာကို စိုးရိမ်တယ်။

ငါသာတန်ခိုးရှင်ဆို.....
မနက်တွေကို တံတိုင်းအထပ်ထပ်နဲ့ခြား.....
ညတွေနားကို လာတောင်မသီစေရဘူး.....
နင်ဆိုတဲ့ငွေကြယ်လေးမရှိတဲ့......
မနက်တွေကိုငါမုန်းတယ်လေ.....။

နေ၀န်းတွေ ထွန်းပချိန်ဆို....
ငါ့ကြယ်နတ်သမီးလေး ကိုယ်ယောက်ဖျောက်တတ်မှန်း...
သိရက်နဲ့...
လိုက်ရှာမိတတ်တဲ့....
ငါ့မျက်ဝန်းမှာသာ ကြယ်တွေလတွေစုံလို့ ..။

နင်က....
ငါ့ညတွေရဲ့ အရှင်သခင် ....
ငါ့ရင်ဘတ်ရဲ့ ဘုရင်မ...
ငါ့အိပ်မက်ရဲ့မင်းသမီး.
မင်းဟာ .. ငါ့ဘ၀ရဲ့ သစ်သီးလေးတစ်လုံးဖြစ်ရဲ့ ..။

နင်ဝင်မကြည့်ခဲ့တဲ့ ငါ့ရင်ဘတ်ထဲက...
အနှိုင်းဆမဲ့ ချစ်ခြင်း....
နောက်ဆုံးတော့.....
..............
ငါ့ရင်ဘတ်ပဲ.....
စစ်တလင်း ဖြစ်ကျန်ခဲ့မှာ....
ဟိုးအစထဲက သိခဲ့တာပေါ့......

ဒါပေမယ့်.......
ရာဇ၀င်ထဲက မနက်တိုင်းရဲ့
လင်းဖျမှုကိုအံတုပြီး......
နင်..ဆိုတဲ့ကြယ်လေးအားကိုးနဲ့....
ငါလေ....
ရိုးသားစွာမိုက်မဲချင်နေတုန်းပဲ....
.........
sHaNn KoE + aLoNeLy fA!rY

နတ်သမီးနဲ့ကဗျာည (၁)


နတ်သမီးနဲ့ ကဗျာည (၁)


ဒီည......

နတ်စုတ်လေးတစ်ကောင်.....

ခံစားချက်အဆိပ်တွေကို....

စကားလုံးမျှားတံမှာသုတ်ပြီး.....

ငါ့ရင်ဘတ်တံခါးကိုဖေါက်ထွင်းဖို့ကြိုးစားနေတယ်......။



ဒီညကျမှာမှ ငါ့မှာ ပြန်လည်ကာကွယ်ခုခံဖို့

ဒိုင်းတကာ ဓါးတစ်လက် ..

မြူမှုန်လေးတစ်စက်တောင်မရှိဘူး ..

တင်းဖို့ကြိုးစားနေလျက်က ..

ငါ့ရင်ဘတ်ဟာပြိုလုဆဲဆဲ ..

ဘယ်ဘက်ရင်အုံလဲ ယိုင်လဲတော့မယ် ..။


တစ်ကယ်တော့ငါက....

နင့်အပ်တိုတစ်ချောင်းတောင်မပါဘဲ.....

မျက်ဝန်းနက်နက်လေးတစ်စုံထဲနဲ့.....

လက်နက်ချထားတဲ့.....

တစ်ခြမ်းပဲ့နှလုံးသားနဲ့ ခံတပ်လေးပါ....။


မြန်မြန်သွားစမ်းပါတော့ကွယ် ..

ကြာရင်ပွင့်ထွက်ကုန်တော့မယ် …

မင်းဟာလူယောင်ဆောင်ထားတဲ့ နတ်သမီးလေးပေါ့ ..

ပန်းနံ့လေးတွေ ဖျန်းပက်ပေးဖို့တဲ့

ငါ့ရင်ထဲကို မင်းရောက်လာတယ် ..။


ဒီညပါပဲ......

ငါ့ရင်ထဲမှာအလွမ်းလေတွေတိုက်နေလို့.....

မနက်ဖြန်တစ်ခုခုမှာပေါ့....

နင့်အတွက်....

ငါ...

အနမ်းပင်လေးစိုက်ချင်တယ်.....


ဒါကတော့ ချိုမြလှတဲ့

အိပ်မက်လှလှလေးပေါ့ …

တကယ်ပါ နတ်သမီးရယ်

ငါက နိုးနေပေမယ့်

အိပ်မက်မက်နေမိတယ် ..


ငါ့မနက်ဖြန်မှာ

နင့်အငွေ့အသက်မရှိရင်....

ဒီညဒီဘ၀ရဲ့နောက်ဆုံးထွက်သက်ကို.....

အိပ်မက်အနမ်းနဲ့အတူတူ....

ရှူထုတ်ခွင့်ပြုပါတော့....

A lOnElY fAiRy + sHaN kOe




Saturday, June 5, 2010

အလွမ်းလင်္ကာ vs ပုံရိပ်သစ်

 

အလွမ်းလင်္ကာ

စွတ်စိုဝဿန် ၊ မှန်သောသစ္စာ
ငါကတိပြု ၊ အသည်းကုစား
အယုယဝေ ၊ စံပယ်ကြွေသက်
ချစ်သူလက်တွဲ၊ မခွဲမခွါ။

ကြယ်ကြွေဆောင်းဦး ၊ နှင်းမြူမြူးကြွ
လင်္ကာလှလျှင် ၊ ၀တ်မှုန်ရှင်သာ
သခင်နှင့်တူ ၊ ငါကြည်ဖြူသည်
ချစ်သူရနံ့  ၊ သင်းပျံ့ လျက်သာ။

ရွက်ကြွေပြိုင်းပြိုင်း ၊ နွေရိုင်းရိုင်းမှာ
ခွဲခွါသခင် ၊ ကောင်းကင်မှုန်ဝင်း
လရောင်ပြင်းပြင်း ၊ ခံတွင်းမတွေ့ 
ခြောက်သွေ့ အတိ ၊ ငါလွမ်းမိသည်။

အရှေ့တောင်ကုန်း ၊ တိမ်ညိုဝုန်းဝုန်း
မည်းမှောင်တုန်းတောင် ၊ မမုန်းရက်မိ
သခင်သိစေ...........။

မှော်ဆရာ

 

အလွမ်းလင်္ကာ ပုံရိပ်သစ်

 
အလွမ်းအင်္လကာ ပုံရိပ်သစ်


တစ်ချိန်ကမိုး
ရိုးသားသစ္စာ တူယှဉ်ဆိုမြဲ
မခွဲမခွာ ယုံမှားခဲ့တာ
တစ်သက်စာ ..။

နှင်းမြူထူစဲ
ဆောင်းညထဲမှာ
ဖန်ဆင်းလိုက်သော ကြယ်ကြွေတော
ချစ်သူ့နံ့သာ သင်းပျံ့ရာ ..။

တစ်ခါသော နွေမှာ
ကံကြမ္မာကလှည့်စား
ဆိုးဝါးလှတဲ့ နွေရက်ရှည်သော
ရွက်ကြွေတော၌
နေရောင်ဝါ၀င်း နေပြင်းပြင်းတွင်
ခွဲခွါစကား ပြတ်သားပြောခဲ့
အကြင်နာမဲ့သူ ချစ်သူ့ကိုလေ
တမ်းတမ်းတတ
ငါလွမ်းရ၏။

ရက်လရှည်ကြာ
ငါလွမ်းနေတုန်း
အရှေ့တောင်ကုန်းမှာ
တိမ်တွေညို၊ နှင်းတွေကျ၊ နွေနေပူပြင်း
ရင်းတွင်းထဲမူ
ရာသီသာပြောင်း
မဟောင်းသေးတဲ့ မျှော်လင့်ချက်နဲ့
တမ်းတမိစဲ လွမ်းနေစဲလေ
ချစ်သောအကြင် .. သခင်သိစေ ..
အလွမ်းတို့၏ အလကာင်္တည်း။
....................
(ဒီကဗျာလဲ ခံစားချက်ခိုးကူးကဗျာပဲ ... မှော်ဆရာဆီက ခံစားချက်လေ .. ကြယ်ကြွေလကာင်္တဲ့ မူရင်းက .. သူက ပြန်တေးရေးပေးတဲ့ .. ဒီကဗျာက ပြန်တေးရေးရခက်လို့ .. ပုံရိပ်သစ်ပြန်ရေးပေးလိုက်တာ .. ဟူးးး နာယဲ ကြွေးရှင်များလာပြီ ..)

လမင်းရစ်သမ် vs ပြန်တေး


လမင်းရစ်သမ် vs ပြန်တေး

အိပ်မက်ခိုးတို့ 
တိုးဝင်နစ်မျော
ငါ့ရဲ့ ညမှာ
နင့်ရဲ့ အလင်းသာ
ဖြာဝေခဲ့တယ်။

လရောင်နဲ့  မျက်နှာသစ်ရင်း
ညနေကြယ်ကို သက်သေထူ
ငါဟာ
နင့်လက်သူကြွယ်မှာ
လက်စွပ်တကွင်းကို
ဆင်မြန်းပေးချင်သူပါ။

ငါ့ကဗျာလေးတွေ
မျောလွင့်ပျောက်ဆုံး
အဘယ်သို့ သောတိမ်များ
ဖုံးထားပါလိမ့်.........

ရူးတယ်လို့ 
ပြောရင်လည်း ပြောစေတော့
နင့်ကိုဖုံးအုပ်မယ့်
တိမ်ခိုးတစ်အုပ်
ငါ......
ဖယ်ထုတ်ခဲ့တယ်
သူရဲကောင်းတော့
မဖြစ်ခဲ့ပါဘူး။

ငါ့ရာဇ၀င် တပိုင်းတစ
ဟိုးခပ်လှမ်းလှမ်းမှာ
ခလုတ်တိုက် ကျန်ရစ်
အသေချာဆုံးပြောနိုင်တာ
နင့်ကိုငါ အရမ်းချစ်တယ်။

ဟုတ်တော့လည်း ဟုတ်ပါတယ်
ငါဟာ
နင်ငါ့ကို မုန်းတဲ့ညထက်
ကဗျာပျောက်ဆုံးရာညကိုသာ
ပိုပြီးသတိရနေမိတာကိုး.....

ခွဲခွါခြင်းဟာ
အပြာရောင်ဖန်ဆင်း
ငါနဲ့ လမင်း
ကွေကွင်းစေတယ်။

အန္ဓတို့ ရဲ့ လမ်းအိုပေါ်မှာ
တစ်ယောက်တည်းလျှောက်ရင်း
ကောင်းကင်မှခြွေချသော
ရေတပေါက်
ငါသောက်ခဲ့တယ်။

အလင်းမဲ့ညရဲ့  မွန်းတည့်ချိန်မှာ
လမင်းအတွက် ဂစ်တာတီးရင်း
အလွမ်းသံစဉ်တို့  ကြိုးပြတ်ကြေမွ
အဲဒါသာငါ့ရဲ့  ကဗျာကြွေညဖြစ်လေရဲ့ ။

ကျိန်စာအိုရဲ့ 
့နှင်းမှုံတို့ ကြား
ဝေရီမောလှိုက်
ငါဟာ
အလွမ်းတို့ ရဲ့ 
့လူမိုက်သာဖြစ်တယ်။

ကွာဝေးခြင်းရဲ့  အဆုံးတဖက်
ဘာများကျန်ရစ်ဦးမလဲ
မေးကြည့်တော့
ခပ်ဆွေးဆွေး ဗီးနပ်စ်လည်း
မှုံရီဝေနွဲ့ 
တွေဝေဖူးလေရဲ့ .......

တစ်........
နှစ်........
သုံး........
ငါဟာ
ကြေကွဲစွာ အဆုံးသတ်ခဲ့တယ်။

အဝေးကလမင်းရေ
မြူတို့ သောင်သောင်းဖြဖြ
ဝေတဲ့ည
ကဗျာကိုခြုံပြီး
အစွမ်းကုန်
လွမ်းလိုက်ချင်ရဲ့ ........။

မှော်ဆရာ
..........................................................

လမင်းရစ်သမ် ပြန်တေး

နတ်တို့ရဲ့ တိုးသက်သက်ကြွေမှုနဲ့
လမင်းတို့ရဲ့ ငြိမ်းချမ်းမှုကို ယှက်ဖြာ
ဒီညမှာ ငါအစွမ်းကုန် လင်းပစ်လိုက်မယ် ..။

တိတ်တဆိတ်ညမှာ
လေပြေဂီတနဲ့ နတ်သမီးအကကြား
ငေးဝေမိန်းမူးနေတဲ့ ငါ့ရဲ့လက်သူကြွယ်မှာ
ဆင်မြန်းဖို့ လက်စွပ်တစ်ကွင်း
မင်းဆီက လိုချင်နေရဲ့ …။

မိုးပေါ်မှာ ပြေးလွှားဆော့ကစား
ချစ်သောတိမ်တိုက်လေးများရေ
သူ့ကဗျာကို ပြန်ပေးလိုက်ကြပါကွယ် .. ။

တိမ်အုပ်တွေအကြား
သေအံ့မူးမူး အဆိပ်တက်တုန်းက
သူလာကယ်ဖူးတယ် ..
ကျေးဇူးတင်စွာ ခေါင်းကိုငဲ့ဆောင်း
သူရဲကောင်းလို့ ဘာလို့မခေါ်ဖြစ်လိုက်ပါလိမ့် …။

မီးတောက်ရစ်သမ်တွေ က,ခုန်နေတဲ့
သူ့ရဲ့တစ်ပိုင်းတစ်ဆ ရာဇ၀င်မှာ
မင်နီတွေ ရဲခနဲခြစ်
နင့်ကိုငါချစ်တယ်လို့ ရွတ်ဆိုတယ် ..။

ခက်တော့လည်းခက်ပါတယ်
ချစ်သူကိုခွဲခွာတဲ့ညနဲ့
ကဗျာကျပျောက်တဲ့ည
နှိုင်းယှဉ်စ၇ာမဟုတ်တာကိုမှ
ငါကလည်း အနိုင်လိုချင်ခဲ့မိတာကိုး …။

ဝေးခဲ့ခြင်းဟာ
လွမ်းဆွတ်ခြင်းကိုဖန်ဆင်း
ရင်ထဲမှာ နေနဲ့လပြိုင်တူလင်းခဲ့ဖူးတယ်။

အန္ဓတို့ရဲ့ လမ်းအိုမှာ
ငါတစ်ယောက်တည်းဆိုတဲ့ အသိနဲ့
မိုးစက်လေးတွေငေးကြည့်ခဲ့ရတယ် ..
ဒီမိုးစက်လေးရဲ့ အေးချမ်းတဲ့အထိအတွေ့မျိုး
သူရိုးသွားမှာ ကြိုသိနှင့်သင့်တယ်လို့
ကိုယ့်ကိုယ်ကို အပြစ်တင်တုန်း
လွမ်းမောဖွယ်ရာ ဂီတာသံစဉ်တစ်စမှာ
ငါမျက်ရည်ကျဖူးတယ် ..။

ဒဏ်ရာဟောင်းနဲ့
ပြောင်းလဲဖို့ မေ့လျော့နေတဲ့ ရင်ခုန်သံတို့ကြား
ငါဟာ .. ရူးမိုက်
လှိုက်လှိုက်လှဲလှဲ လွမ်းဖြစ်ခဲ့ရဲ့ ..။

ဝေးကွာခြင်းရဲ့ အဆုံးတစ်ဖက်
ကမ္ဘာကြီးလုံးနေရက်က
ပြန်မဆုံနိုင်တာ ဘာကြောင့်များလဲ …
ဒီမေးခွန်းက ဗီးနပ်စ်လေးကို
စိတ်တိုစေဖူးတယ် ..။

တစ် ….
နှစ် …
သုံး ..
မျှော်လင့်ချက်လေးတွေ သေဆုံးသွားတယ် ..။

ဒါပါပဲ
လှပတဲ့ဆောင်းညမှာ
အစွမ်းကုန်ပွင့်အာလာပေမယ့်
ငါ့အတွက်မဟုတ်တော့မယ့်တူတူ
မယူဖြစ်ခဲ့တဲ့ ငယ်ငယ်က လက်ဆောင်ကိုသာ
အမှတ်တမဲ့ ပြန်လည်သတိယရင်း ..
ပြောပြခဲ့ချင်တယ် …
တစ်ခါတုန်းက နှင်းဆီရေ ..
နေမ၀င်ခင် လမင်းထွက်
သူတို့ယှဉ်ပြိုင်မှုအတွက်
အလင်းက တရားခံ ဖြစ်ခဲ့ရတယ် ..။
alonelyfairy

(ဧဒင်မှာ အပြန်လှန်ရေးကြတဲ့ အမှတ်တရကဗျာလေးထဲက တစ်ပုဒ်ပါးး )

အတိတ်ကို ပြန်လည်အသက်သွင်းခြင်း




အတိတ်ကို ပြန်လည်အသက်သွင်းခြင်း


သုညလေးတစ်လုံးပါ


ဒါကိုတောင်မှ


သွေးတစ်စက်စက်ကျတဲ့အထိနှိပ်စက်


အိပ်မက်ထဲထိတောင်


နင်မုန်းရက်တယ် ..။


ပြီးဆုံးသွားပြီဆိုတဲ့ စကားသံနောက်


အမုန်းတစ်ဝက် ချစ်ခြင်းတစ်ဝက်နဲ့


ပက်လက်သေဆုံး


ငါဟာ .. အညာတရ ၀လုံးလေးလဲဖြစ်ဖူးတယ် ..။


အသံချိုချိုနဲ့ (သူ)လှုပ်နိုးနှုတ်ဆက်


ဟိုတစ်ချိန်က မနက်ခင်းတွေရယ် ..


အဟောင်းတစ်ပွင့်ပေမယ့်


ပေးဖြစ်ခဲ့တဲ့ တီးတိုးအနမ်းတွေရယ် ..


ငါ့အကြောင်းအိပ်မက်မှ အိပ်လို့ရတယ်ဆိုတဲ့


တစ်ချိန်တုန်းက ကောင်လေးတစ်ယောက်ရယ်ကို ..


အိုး.. ပြန်ခေါ်ပေးပါ
ပြန်ခေါ်ပေးကြပါ ...

ဒါ .. ဘ၀မှာ
ပထမဆုံးအဖြစ် ပူဆာမိလို့
ဖြည့်စွမ်းပေးပါ
မေမေ ..။

“စိတ်ကောက်နတ်သမီး.....သို့ ” VS “စိတ်ကောက်နတ်သမီး.....သို့ ”ပြန်တေး


“စိတ်ကောက်နတ်သမီး.....သို့ ”



ကြည့် လိုက်ရင်တော့  ရင့် ကျက်မလိုနဲ့ 

ကလေးဆန်ဆန် နေပြ

အလိုမကျတိုင်းခဏခဏစိတ်ကောက်ပြတယ်။

စိတ်ကလေး လက်တစစ်နဲ့ 

အချစ်ကိုမယုံသလိုမေးခွန်းထုတ်

ကိုယ့် အရိပ်ကိုယ်ပြန်အုပ်နေတတ်တယ်

အမြဲတမ်းသံသယတွေများ

စကားတွေက ကိုးလို့ ကန့် လန့် 

လိပ်ပြာလေးကတော့  “သန့် ”နေပြန်တယ်။

ရင်ထဲမှာရှိသမျှကို လျှို့ ဝှက်

သူမဟုတ်သလိုလဲနေတတ်တယ်။

ငါ့ ရဲ့  နတ်သမီးရေ.....

ခံစားချက်တွေ မျိုသိပ်ပါများတော့ လည်း

နှုတ်ဖျားကစကားမပြောတတ်တော့ ဘူးကွယ်

ဘာကိုအလိုမကျလို့ 

ဒီလောက် စိတ်ကောက်ရသလဲကွယ်။

မင်းရဲ့  စိတ်ကောက်ခြင်းကမပြောင်းလဲ

ငါ့ အတွက်လဲ ချစ်ဖို့ ကောင်းဆဲပါကွယ်။

ကိုယ့် ရဲ့ အနာဂတ်ခရီးမှာ

မင်းဟာ......
ထာဝရ “စိတ်ကောက်နတ်သမီး”ပေါ့ ကွယ်။
mmneyu

...................................................................................

စိတ်ကောက်နတ်သမီး … ပြန်တေး



ပြောလိုက်ရင်တော့ ချစ်တယ်ပဲ

တစ်ကယ်လည်း ဂ၇ုစိုက်သလိုလို အမူတွေပို

စိတ်လိုလက်ရရှိတိုင်း

ခိုင်းနှိုင်းရာမဲ့လောက်အောင် ကောင်းပြတတ်တယ် ..။

စိတ်လေးရယ် ရှည်ပေးပါအုံးတဲ့

အချစ်ကိုလည်း မေးခွန်းထုတ်စရာမလို

ကိုယ့်အရိပ်နဲ့ကိုယ် ပြန်မအုပ်နဲ့

ချစ်တဲ့နတ်သမီးတဲ့ …

ပေါပေါများများ

ကတိစကားတွေ ပေးခဲ့လွယ်လွယ်

ရယ်ပြုံးပြပြီး တောင်းပန်ပြန်တယ်

ကတိပျက်အမှားရယ် ထပ်ခါကျူးလွန် ..။

ရင်ထဲရှိသမျှကိုလျို့ဝှက်

သူမဟုတ်သလိုလဲနေတတ်တယ်တဲ့

သူ့စွပ်စွဲချက် ..

သူကျတော့ .. မဟုတ်တာကို အဟုတ်

အဟုတ်ကိုမဟုတ် စကားကိုရှုပ်အောင်ပြောတဲ့

နောက်မဲ့မဲ့ဟန် .. ကန်ပစ်ချင်လောက်အောင်ကို

စိတ်ဆိုး .. ဒါမျိုးကျတော့

ပေးပြီးကတိမေ့တတ်သူ .. သူက

စိတ်ကောက်တယ်ထင် ..။

ဘာလို့များဟင် ..

ငါကလဲ စိတ်ဆိုးဆဲ

သူကလဲ .. ကတိပျက်တတ်ဆဲပဲလေ ..။

အနာဂါတ်တစ်လျှောက်မှာတော့

ဘယ်ကိုရောက်မယ်မှန်းမသိပေမယ့်

သူကတော့ ထာဝရ ချော့ရမယ့်သူ ထင်ရဲ့ ..။
alonelyfairy

...........................................................................................................................


ဒီလိုပုံစံတော့ မရေးဖူးဘူး .. တတ်လဲမတတ်ဘူး .. လာနောက်သွားတဲ့ mmyenyကို ပြန်တီးချင်လို့ ပြန်ရေးလိုက်တာ .. ခစ်ခစ် ..။ fairy’s ပြန်တေးမကောင်းရင် .. စိတ်ကောက်နေလို့ ကဗျာမကောင်းတာလို့ မှတ်ရမယ်နော် .. fairy ညံ့လို့ဟုတ်ဝူး .. တိယား … (ယုံကြနော် .. မုန့်ကျွေးမယ် အဟုတ် .. ခစ်ခစ်)

ဝေးခဲ့ရသော ငှက်ကလေးအား တမ်းချင်း (0r) နှင်းဆီနက်၏ တမ်းချင်း




ဝေးခဲ့ရသော ငှက်ကလေးအား တမ်းချင်း (0r) နှင်းဆီနက်၏ တမ်းချင်း


ကမ္ဘာတစ်လုံးတည်းကိုပဲ

ထက်ခြမ်းပိုင်းပြီး

တစ်ဘက်စီနေထိုင်ကြ

အတားဆီးမဲ့ အွန်လိုင်းကတစ်ဆင့်

တို့ရဲ့အချစ်တွေ ဖူးပွင့်ခဲ့ကြတယ် ..။


ပြင်သစ်နဲ့စင်္ကာပူ မတူညီကြပေမယ့်

နှင်းဆီနက်ဆိုတဲ့ငါနဲ့

ငှက်ဆိုတဲ့ ကောင်လေး

နားလည်မှုတွေယူ

ချစ်ခြင်းတွေ ထပ်တူကျခဲ့တယ်..။


တနေ့နေ့ တစ်ချိန်ချိန်

အမေ့အိမ်မှာ

ဆုံတွေ့ကြဖို့ အားတင်းထားခဲ့

ကတိသစ္စာတွေနဲ့ မျှော်လင့်ချက်လေးတွေ

အပြန်အလှန်ပေးခဲ့ကြဖူးတယ် ..။


အင်တာနက်က တဆင့်

သီချင်းလေးတွေပို့

အိပ်မက်တွေ တကယ်ဖြစ်လာဖို့

ဆုတောင်းကြရင်း …

စကြရင်း .. နောက်ကြရင်း ..

နှင်းဆီနက်လေးနဲ့ငှက်ကလေး

ချစ်ခြင်းတေးကို ပေါင်းစပ်သီဆိုကြဖူးရဲ့ ..။


ငှက်ကလေးရယ် …

တို့ရဲ့ညတွေဟာ ရယ်သံတွေနဲ့ပြည့်နက်

လေးလေးနက်နက် ဘာသာစကားတွေ

ပြိုင်တူ ရေတွက်ခဲ့ကြတယ်နော် ..။


ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့

စိတ်ကောက်တိုင်းပြန်ချော့တတ်တဲ့ကောင်လေး

ဝေးမယ့်လမ်းကို အရင်ရွေးမယ့်သူလို့

ဘယ်သူထင်မိမလဲ .။


ငါတို့ရဲ့လှပတဲ့အွန်လိုင်းညတွေဟာ

တစ်ခဏသာဖြစ်ခဲ့တယ်တဲ့လား

ပေးခဲ့ဖူးတဲ့ နင့်ကဗျာက

တစ်ခဏခွဲခွာချိန်မှာ သစ္စာဖောက်

နင့်ဦးနှောက်မှာ ကတိတွေပျောက်ပျက်ခဲ့တယ် ..။


ဝေးပြီဆိုတဲ့အသိတစ်ခုတည်းနဲ့

ငါ့စိတ်ဓာတ်တွေ ပြုတ်ကျကုန်လို့ ...

ကိုယ့်ကြမ္မာကို ကျိန်ဆဲ

မျှော်လင့်ခဲ့တာတွေလည်း ခုပြန်ကြည့်တော့

အသေတွေဖြစ်ခဲ့ရပြီ ....။


စိတ်ကူးနဲ့ရူးခဲ့သမျှ

ရခဲ့တာက

ချောင်ထိုးခံရတဲ့ အချစ်တစ်ခုသာဖြစ်ခဲ့ ....။


ဒေါသထွက်ပေမယ့်

မမုန်းမေ့နိုင်တာ ဘယ်လိုကျိန်စာကြောင့်လဲဟင် ..။


နင့်ဆန္ဒအရ နင့်စိတ်တိုင်းကျဖို့အတွက်

အဆက်သွယ်နဲ့နှောင်ကြိုးတွေကို

ငါလေ .. ကြိုးစားဖြတ်တောက် ..

မှောက်ရက်လဲခဲ့ရတဲ့ ငါ့မနက်တွေအတွက်

ချစ်ခဲ့ဖူးတဲ့ လက်ကျန်သံယောဇဉ်လေးတွေကို

ထောက်ထားပြီး ..

ငှက်ကလေးရေ ..

နင့်ချစ်သူသစ်လေးကိုနမ်းတိုင်း

အဝေးက အရိုင်းပန်းလေးငါ့ကို

အမှတ်တမဲ့ဖြစ်ဖြစ် သတိရပေးပါနော် ..။


9.may.10

(ဒီကဗျာကတော့ fairy's ချစ်မွှာလေးအတွက် ရေးပေးထားတာပါ .. ခံစားချက်ကိုခိုးချထားတာတော့မဟုတ်ဘူး .. သူပြောပြီးရေးခိုင်းလို့ရေးတာ .. ခိုးတာဟုတ်ဝူးနော် .. အကြွေးလဲတင်ဝူး .. ခစ်ခစ် .. ချစ်မွှာလေးပျော်ပါစေ ။။)





ဝန်ခံချက်ဖြေစာ

အချိန်တွေ သောက်သုံးကုန်ဆုံးသွားတာနဲ့အမျှ
နေ့နဲ့ညလည်း မကွဲခဲ့တာကြာလှပေါ့ ..
ကောင်လေးရေ
နင့်အတ္တတွေပြည့်ဝဖို့
ဘယ်လို အဟာရမျိုးလိုသေးလဲဟင် ..။

ဟိုတနေ့က မတော်တဆ
အွန်လိုင်းမှာ ပြန်တွေ့ကြတာဟာ
နှုတ်ဆက်ရုံ သက်သက်ပါကွာ ..
အမှားအမှန်ဆိုတာကလဲ
အလျားအနံမရှိတဲ့
စက္ကူဖြူဖြူတစ်ရွက်ပါပဲ
ဘာသာစကားတွေမဲ့ခဲ့သလို
နားလည်ရလည်း ခက်ခဲ့တယ် ..။

တူတူရှိခဲ့ဖူးတဲ့ အွန်လိုင်းညတွေကို
သချာင်္လိုချတွက်
အပေါင်းအနှုတ်တွေရဲ့ အခြားတဘက်မှာ
ဝေးကွာခြင်းနှစ်ခုက ညီမျှခြင်းကျ
အကြောင်းမဲ့တိုက်ဆိုင်မှုက
အဖြေတွေထွက်စေခဲ့တယ် ..။

ဒီလိုနဲ့ပဲ …
အတိတ်တွေကို ပြည်ဖုံးကားချ
မေ့လိုက်တော့မယ် ကြံခါမှ
လွမ်းလိုက်တာတဲ့ ..
တကယ့် .. တကယ်တော့
ကောင်လေးက မပြတ်သားခဲ့သလို
ကောင်မလေးကလဲ နေသားမကျသွားခဲ့ဘူး ..။


(ဖြေစာဆိုတော့ ပြန်တေးပဲပေါ့နော် .. မူရင်းကဗျာက http://myominlatt.ning.com/profiles/blogs/4347155:BlogPost:98892?xg... မှာရှိယယ်ဗျို့ ..း))

ပန်းမျက်ရည်



ပန်းမျက်ရည်


ဂရုမစိုက်တတ်တဲ့

ဥယျာဉ်မှုးရဲ့ပန်းတစ်ပွင့်ဖြစ်တာဟာ

အပြစ်တဲ့လား ..။

ပန်းများစွာတည်းက ပန်းလေးတစ်ပွင့်ပါ

ဒါကို ခူးယူနမ်းရှိုက်

ပြီးရင်တော့ အမှိုက်ဖြစ်သွားပြီ ..။

ဘာဖြစ်လို့လဲဟင်

ကိုယ့်ရနံ့နဲ့ကိုယ် သင်းပျံ့

လင်းသန့်စွာဖူးပွင့်ပြီးတော့မှ

လတ်လတ်ဆတ်ဆတ်လေထုကို

လွတ်လွတ်လပ်လပ်ရှုရှိုက်ခွင့်မရတာ

ဘယ်နတ်သမီးကျိန်စာမှန်ခဲ့လို့ပါလိမ့် ..။

ဘယ်ကိုပဲကြည့်ကြည့်

နင့်ရဲ့စိမ်းကားမှုဆိုတဲ့အသိတစ်ခုက

ငါ့ကိုစီးမိုးနေလို့

အိပ်မက်မှာတောင် ငါအသက်ရှုခက်ခဲ့ ..။

စံပယ်တစ်ပွင့်ကြွေလွင့်တာကို

ဘယ်သူကများ ရင်နင့်ပေးကြမှာလဲ ..။

အခုတော့

အလင်းကမ္ဘာဟာ မှောင်မိုက်

မျှော်လင့်ချက်တွေ အိပ်ငိုက်နေကြချိန်မှာ

အားငယ်စွာ တိတ်တိတ်လေး

ငါလေ .. ငိုကြွေးနေတတ်ပြီ ..။

အလွမ်းတွေသင်းတဲ့ည



အလွမ်းတွေသင်းတဲ့ည


ကြယ်ကြွေလေးတွေ ငိုတဲ့ညကပေါ့

အိပ်မက်ချိုတွေက မျက်ရည်အဖြစ်လှည့်ဖျား

ကိုယ့်ကိုယ်ကို တိမ်တွေကြား ၀ှက်ထားလိုက်မိတယ် ..။


အကုန်သာရွာချလိုက်ပါတော့

ရင်ထဲက မိုးရာသီရယ် …

ငါ့ကောင်းကင်မှာ

ညို့မှိုင်း မိုးတွေအုံ့ဆိုင်းနေတာ

တော်တော်တောင်ကြာလှမှပဲ ..။


မိုးရေစက်များရေ

ပြိုပျက်သွားတဲ့ အိပ်မက်အတွက်

စိတ္တဇ၀ဲဂယက်ကို ဖယ်ရှား

ငါ့ရဲ့ချစ်ခြင်းများကို ငြိမ်းသတ်ပေးကြပါ ..။


သွားချင်တဲ့လမ်းမှ ဟုတ်ရဲ့လား

အို .. မစဉ်းစားအားတော့ပါဘူးလေ

အနီးနားက တံခါးပေါက်ကိုပဲ

ရည်ရွယ်ချက်မဲ့ လှည့်ဖွင့်ခဲ့တယ် ..။


ဒီလိုနဲ့ပဲ …..

ငါ့ကိုငါ ပြန်လည်လောင်ကျွမ်းလိုက်ပါ့မယ်

ချစ်သော နှင်းဆီနက်ကလေးရယ်

အမြတ်တနိုးထားရတဲ့ ပန်းတစ်ပွင့်အတွက်

ဒီလောက်တော့ ရင်နင့်ပေးရမှာပေါ့ ..။


ကဲ …………….

မေ့မေ့လျော့လျော့ပဲနေပေးကြပါ

ကောင်းကင်မှာ မိုးအုံ့တုန်းပေမယ့်

အိပ်မက်ဆိုးက လန့်နိုးလာတဲ့အခါ

မျက်ရည်တွေကို နေ့ရက်တွေက သောက်သုံး

အဆုံးသတ်ချိန်မှာ အငိုတိတ်သွားမှာပါ ..။

၂၅.April. ၂၀၁၀