ဆုံတွေ့ခြင်းနေ့စွဲ
ဒီနေ့ ဆုံတွေ့ကြပြီနော်
မျှော်လင့်တမ်းတခဲ့ဖူးတဲ့
ပန်းအိပ်မက်တွေ ပွင့်ဖူးလာချိန်
ငါ့ရဲ့စိတ်တွေ ပြတ်သားရဲရင့်လာချိန်
ဒီလိုအချိန်ဟာ ..
အလွမ်းနေ့ရက်တွေ အဆုံးသတ်ချိန်တဲ့ ..။
ငါ့ရဲ့ဘေးမှာ နင်ရှိနေတုန်းမှာပဲ
အပြုံးတ၀က်နဲ့ နင့်ကိုထပ်လွမ်းမိသေးတယ်
အို .. ဘယ်လိုကောင်ဆိုးလေးပါလိမ့်ကွယ်
ကျောက်ရုပ်တွေကိုမုန်းသတဲ့လား
ပေါ့ပေါ့ပါးပါးနဲ့လေးနက်တတ်တဲ့ကောင်လေး
တို့တတွေ
ဘယ်တော့မှ ထပ်မဝေးကြကြေးနော်။
နင့်ရဲ့ နွေးထွေးချိုမြလှတဲ့အဖော်ပြုမှုတစ်ခုတည်းနဲ့
ငါ့ရဲ့အတောင်ပံအစုံကို
ဖြန့်ကျက်လိုက်ချင်တယ် …
တူတူဝဲပြန်ကြမယ်လေ …။
ကဲ ..... ...... ....
နင့်လက်လေး ငါ့ကိုပေးပါ
စကားပြန်တွေ ဒုက္ခရောက်စေတဲ့
နင့်ရဲ့ ပဟေဓိအပြုံးနဲ့
နင့်ရဲ့ မ၀ံ့မရဲရင်ခုန်သံတွေ ဖွင့်ချလိုက်ကြပါစို့။
ကမ္ဘာမြေပဲပေါက်ပေါက်
ကောင်းကင်ကိုပဲ ဖောက်ဖောက်
နင်နဲ့ငါတူတူရှိနေဖို့
ဘာကတိသစာမှမလိုအပ်ပါဘူးကွဲ့။
ကျိန်စာနဲ့ ဒဏ်ရာတွေကို ကုသဖို့
နက်နဲတဲ့ ချစ်ခြင်းတစ်ခုသာလိုတယ်။
ရောက်လာခဲ့ပြီ
ReplyDeleteငါမျှော်လင့်ခဲ့တဲ့နေ့ ကို ရောက်လာခဲ့ပြီ
ပန်းခေတ်မှာသာတဲ့ လမင်းဆီမှာ
ရင်ဘတ်ကိုဆွဲဖွင့်
အလွမ်းတွေကို ငြိမ်းသတ်လိုက်တော့မယ်..
ဒီထက်ပိုဝေးလည်း ဒိထက်ပိုမဝေးတော့ပါဘူး
ဒိုင်းဖြစ်နေပေမယ့်လည်း
ဓားရှမှာကြောက်နေမိသေးတယ်
ကောင်မလေးရယ်
အချစ်နတ်သမီးရဲ့ ကျိန်စာဆိုးတွေကြား
နင်သာငါ့ကိုဆက်ချစ်နိုင်မယ်ဆိုရင်
ရင်ဘတ်ကဒဏ်ရာဟောင်းတွေက
လေပြင်းကြားကစံပယ်တစ်ပွင့်ရဲ့ ရနံ့ လို
မှေးလျပျောက်ကွယ်
အတူတူလက်တွဲလို့ နွေးထွေးကြမယ်လေ........
(မှော်ဆရာ)
မှော်ဆရာတွေ ဆေးတောင်ဝှေးပျောက်တဲ့ည
ReplyDeleteသံသယတွေပျောက်ဆုံး
ကွေကွင်းခြင်းနောက်ဆုံးချိန်မှာပေါ့
ပန်းခေတ်မှာသာတဲ့လမင်း
သူ့အလင်းကို ငှားရမ်းပြီး
အလွမ်းမီးတွေ ငြိမ်းသတ်ကြမယ် ..။
မတော်တဆ ထပ်ဝေးခဲ့ရင်တောင်မှ
စိုးရိမ်စရာမရှိတော့ပါဘူးလေ
သူရဲကောင်းဆိုတာမျိုးကလည်း
ဓါးဒဏ်ချက်နဲ့ မခွဲကောင်းဘူးမဟုတ်လား ..
အချိန်တန်ရင်တော့
ဒဏ်ရာတွေပျောက်လမ်းနဲ့ဆုံတွေ့မှာပေါ့။
မကြောက်ပါနဲ့တော့ ကောင်လေးရယ် ..
ကျိန်စာဆိုးဆိုတာကလဲ
အချိန်မတန်ခင်နိုးလိုက်ရတဲ့ အိပ်မက်တစ်ခုလို
ပြီးဆုံး ကွယ်ပျောက်သွားမှာပါ ..။
ဟိုးးးးးးး မှာ
လေငြင်းကြားက စံပယ်ရနံ့
သင်းပျံလို့ နိုးထခါစ
အလှပဆုံးအချိန်မှာ
အလွမ်းအဆွေးတွေ ဖြုတ်ချ
အချစ်တွေ ပြန်ကောက်ကြရအောင် ..။
အချစ်တွေကိုဘယ်လိုပြန်ကောက်တာလဲဟ ... သင်ပေးပါအုံး :P
ReplyDelete