Saturday, May 1, 2010

လွန်လေခဲ့သော

လွန်လေခဲ့သော


ညတဲ့.......
အေးမြမြလေတွေ ပြေးလွားဆော့ကစားနေကြပေမယ့်
ပူလောင်နေတဲ့ ငါ့ရင်အစုံကို
မကူညီတဲ့အပြင်
လှောင်ရီတောင် ရီနေကြသေးရဲ့ ..........

ဘယ်လိုညမျိုးလဲကွယ်
ကောင်းကင်မှာ
ကြယ်တွေ တလက်လက်ကခုန်
လမင်းလည်းအစွမ်းကုန်သာနေပါရက်နဲ့
ငါ့ဘေးမှာ မင်းမရှိတော့ဘူးဆိုတဲ့
ရက်ရက်စက်စက် အသိတစ်ခုတည်းနဲ့
ငါတစ်ကိုယ်တည်း မှောင်မဲ
ခြေတွေလည်း ယိုင်လဲတော့မယ်။

'လာခဲ့ပါ.......လာခဲ့လေ'
ဘယ်သူတွေ ဘယ်လို ကမ်းလှမ်း ကမ်းလှမ်း
ခေါင်းတစ်ရမ်းရမ်းနဲ့
မင်းရှိရာအရပ်ကိုပဲ မျှော်မှန်း
ငါ့ခြေအစုံဟာ မင်းဆီကိုပဲ လှမ်းလာချင်နေမိတာ
တော်တော်ခက်တယ်။

မင်းတစ်ကယ် နှုတ်ဆက်ထွက်ခွါသွားခါမှ
နိုးထလာတဲ့ ငါ့နှလုံးသားကိုပဲ
ကျိန်ဆဲရမလား.......

အလှမ်းဝေးသွားပြီဆိုမှ
မင်းပေးမယ့် ပန်းလေး ပန်ချင်တာ...........

မမြင်ရတော့ဘူးဆိုမှ
မင်းမျက်နှာလေး ငေးချင်နေမိတာ..............

မကြားနိုင်တော့ပါဘူးဆိုမှ
မင်းပြောမယ့်စကားလေးများ နားဆင်ချင်တာ.............

ရူးတယ်ပဲဆိုဆို
သစ်၇ွက်လေတိုးသံတောင်
မင်းခြေသံလား ကြားယောင်မိတတ်လွန်းလို့
ငါ့အဖြစ်ကို ရယ်ပွဲဖွဲ့နေတဲ့ သူငယ်ချင်းတွေရှေ့မှာတောင်
ဟန်မဆောင်နိုင်ပဲ ငါကြေကွဲနေခဲ့မိတာ
ဘာကြောင့်ပါလဲ?

တစ်ကယ်ပါပဲ
တောက်!!!
ငါလေ မိုက်မဲမိခဲ့လေခြင်း။ ။

1 comment:

  1. 'လာခဲ့ပါ.......လာခဲ့လေ'
    ဘယ်သူတွေ ဘယ်လို ကမ်းလှမ်း ကမ်းလှမ်း
    ခေါင်းတစ်ရမ်းရမ်းနဲ့
    မင်းရှိရာအရပ်ကိုပဲ မျှော်မှန်း
    ငါ့ခြေအစုံဟာ မင်းဆီကိုပဲ လှမ်းလာချင်နေမိတာ
    တော်တော်ခက်တယ်။

    မင်းတစ်ကယ် နှုတ်ဆက်ထွက်ခွါသွားခါမှ
    နိုးထလာတဲ့ ငါ့နှလုံးသားကိုပဲ
    ကျိန်ဆဲရမလား.......

    အလှမ်းဝေးသွားပြီဆိုမှ
    မင်းပေးမယ့် ပန်းလေး ပန်ချင်တာ...........

    မမြင်ရတော့ဘူးဆိုမှ
    မင်းမျက်နှာလေး ငေးချင်နေမိတာ..............

    မကြားနိုင်တော့ပါဘူးဆိုမှ
    မင်းပြောမယ့်စကားလေးများ နားဆင်ချင်တာ.............


    တစ်ကယ်ပါပဲ
    တောက်!!!
    ငါလေ မိုက်မဲမိခဲ့လေခြင်း။ ။

    ReplyDelete

ခံစားသူများရဲ့ စကားလေးတစ်ခွန်းဟာ .. ကဗျာသစ်ကို မွေးဖွားစေတဲ့ အားဆေးတစ်ခွက်ပါ ..း)